📍 IELTS အကြောင်း တစေ့တစောင်း 📍
☘️ IELTS ဆိုတာဘာလဲ
☘️ IELTS အမျိုးအစား
☘️ IELTS ကဘာလို့အရေးကြီးတာလဲ
☘️ IELTS ကိုဘယ်သူဖြေသင့်လဲ
☘️ IELTS ဘယ်နှခါဖြေလို့ရလဲ
☘️ IELTS ဘယ်ချိန်ဖြေလို့ရလဲ
☘️ IELTS ဘယ်မှာ ဖြေလို့ရလဲ
☘️ IELTS Result သိရဖို့ဘယ်လောက်ကြာလဲ
☘️ IELTS စာမေးပွဲကြေးဘယ်လောက်လဲ
☘️ အမှတ်ပေးတဲ့ System
______________________________________________________________
#IELTS #Mahuyar
📍 IELTS ဆိုတာဘာလဲ?
☘️IELTS
ရဲ့ အရှည်ကောက်က International English Language Testing System
ဖြစ်ပါတယ်။ IELTS ဟာကမ္ဘာတစ်ဝှမ်းမှ အဖွဲ့အစည်း တစ်သောင်းကျော်ရဲ့
အသိအမှတ်ပြု အင်္ဂလိပ်စာ ကျမ်းကျင်မှုကို စစ်ဆေးတဲ့
စာမေးပွဲတစ်ခုဖြစ်ပါတယ်။
📍 𝐈𝐄𝐋𝐓𝐒 ကို ဘယ်သူတွေ ဖြေသင့်လဲ?
☘️
နိုင်ငံခြားကို ကျောင်းလျှောက်တဲ့အခါဖြစ်ဖြစ်၊ အလုပ်လျှောက်တဲ့အခါဖြစ်ဖြစ်
IELTS အမှတ်ကို မဖြစ်မနေပြရပါတယ်။ အဲ့အတွက်ကြောင့်
အင်္ဂလိပ်ဘာသာစကားအသုံးပြုတဲ့ တက္ကသိုလ် (သို့) အလုပ် လျှောက်ဖို့
ပြင်ဆင်ထားတဲ့သူမှန်သမျှ IELTS ဖြေဆိုထားသင့်ပါတယ်။
📍IELTS အမျိုးအစား
☘️
IELTS မှာ Academic နဲ့ General Training ဆိုပြီးအမျိုးအစား ၂မျိုးရှိပြီး
ကိုယ်ဖြေဆိုတဲ့ ရည်ရွယ်ချက်အပေါ် မူတည်ပြီးတော့
ရွေးချယ်ဖြေဆိုရမှာဖြစ်ပါတယ်။
☘️Academic ကတော့ အင်္ဂလိပ်စကား
အဓိကအသုံးပြုမယ့် နိုင်ငံနဲ့ အင်္ဂလိပ်ဘာသာရပ်နဲ့ပဲသင်မယ့် နိုင်ငံခြား
တက္ကသိုလ်တွေမှာ ကျောင်းတက်လိုသူတွေအတွက် ဖြစ်ပါတယ်။
☘️General
Training ကတော့ အင်္ဂလိပ်စကား အဓိက အသုံးပြုတဲ့ နိုင်ငံတွေမှာ
အလုပ်လုပ်ကိုင်လိုသူများနဲ့ နိုင်ငံရွှေ့ပြောင်းနေထိုင်လိုသူများ
အတွက်ဖြစ်ပါတယ်။
☘️အထက်ပါ Module နှစ်ခုက Test Format တွေမှာ အနည်းငယ်
ကွာခြားပါတယ်။ Listening နှင့် Speaking ပိုင်းမှာတော့ တူညီပြီး Reading
နှင့် Writing ပိုင်းမှာ အကြောင်းအရာကွဲပြားပါတယ်။
📍 အမှတ်ပေးတဲ့ 𝐒𝐲𝐬𝐭𝐞𝐦
☘️
IELTSရဲ့ အမှတ်ပေးတဲ့ System က 9 Band Scale အပေါ် အခြေခံပြီး ကိုယ့်ရဲ့
စုစုပေါင်းအမှတ်က ၁-၉ အတွင်း ရရှိမှာဖြစ်ပါတယ်။ ကိုယ်ဖြေထားတဲ့ Test (၄)
ခုအပေါ်မူတည်ပြီးတော့ ပျှမ်းမျှအမှတ် (Band Score) ထုတ်ပေးမှာ ဖြစ်ပါတယ်။
📍 𝐁𝐚𝐧𝐝 𝐒𝐜𝐨𝐫𝐞 ဘယ်လောက်ရဖို့လိုလဲ?
☘️ နိုင်ငံခြား တက္ကသိုလ်အများစုကတော့ ကျောင်းလျှောက်တဲ့အခါမှာ အနိမ့်ဆုံး ရရှိရမယ့် Minimum Band Score က 6 - 7 သတ်မှတ်ထားပါတယ်။
တစ်ကျောင်းနဲ့ တစ်ကျောင်း သတ်မှတ်ထားတဲ့ Band Score တွေကတော့ မတူပါဘူး။ ကိုယ်လျှောက်တဲ့ တက္ကသိုလ်ပေါ်မှာ မူတည်ပါတယ်။
📍 𝐈𝐄𝐋𝐓𝐒 က ဘာလို့ အရေးကြီးတာလဲ?
☘️
နိုင်ငံခြား တက္ကသိုလ်တွေမှာ Undergraduate နှင့် Postgraduate Program
တက်ရောက်လိုသူများအတွက် ကျောင်းလျှောက်တဲ့အခါမှာ ကိုယ့်ရဲ့ IELTS Band
Score ကအလွန်အရေးကြီးပါတယ်။
☘️နိုင်ငံခြား သွားရောက်
အလုပ်လုပ်ကိုင်လိုသူများ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေမှာ
အလုပ်လုပ်ကိုင်လိုသူများအတွက်လည်း IELTS ဟာ အလုပ်အခွင့်အလမ်းများစေပြီး
career advancement အတွက်လည်း အလွန် အထောက်အကူဖြစ်ပါတယ်။
📍IELTS ဘယ်ချိန် ဖြေလို့ရလဲ
☘️
ပုံမှန်အားဖြင့် မြန်မာနိုင်ငံမှာ IELTS exam ကို၁လ ၂ကြိမ် ပြုလုပ်ပါတယ်။
ကိုယ်အဆင်ပြေတဲ့ Date ကို ရွေးချယ်ပြီး ဖြေဆိုနိုင်ပါတယ်။
📍 IELTS ဘယ်မှာ ဖြေလို့ရလဲ?
☘️ မြန်မာနိုငိငံမှာတော့ ရန်ကုန်နဲ့ မန္တလေးမှာပဲ ဖြေလို့ရပါတယ်။
📍IELTS Result သိရဖို့ဘယ်လောက်ကြာလဲ
☘️ Exam ဖြေပြီး နှစ်ပတ်အကြာမှာ ကိုယ့်ရဲ့ Band Score ဘယ်လောက်လဲဆိုတာ ရင်ခုန် လို့ရပါပြီ
📍 IELTS ဘယ်နှခါဖြေလို့ရလဲ
☘️IELTS
Exam ဆိုတာ ဘဝမှာ တစ်ခါပဲ ဖြေခွင့်ရတဲ့ exam မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့
IELTS ကိုဘယ်နှခါပဲ ဖြေရမယ်လို့ သတ်မှတ်ထားတာမျိုး မရှိပါဘူး။ ဒါကြောင့်
ကိုယ်လိုချင်တဲ့ result မရမချင်း ဖြေလို့ရပါတယ်။
📍စာမေးပြွဲကေးဘယ်လောက်လဲ
☘️ မြန်မာငွေ 295,000 ကျပ်ပါ။
📍IELTS Exam Certificate က
တစ်သက်လုံးအသုံးပြုလို့ရလား?
☘️
(၂) နှစ်ပဲအတွင်းပဲ အသုံးပြုလို့ရပါတယ်။ (၂) နှစ် ကျော်ရင်
သက်တမ်းကုန်ပြီး အသုံးပြုလို့ မရတော့ပါဘူး။ ဥပမာ - ကိုယ်က 8 April, 2018
မှာ ဖြေထားရင် 8 April, 2020 မှာ Expire ဖြစ်ပြီး အသုံးပြုလို့
မရတော့ပါဘူး။
မှုရင်းရေးသားသူ Credit
Comments
Post a Comment