ခုကာလမှာ ဝင်ငွေမရှိလို့ freelancers လုပ်ချင်တဲ့ ကျောင်းသားတွေအတွက်

 

အခုချိန်မှာ ရုံးက WFH အဆင်မပြေလို့ဘဲ ဖြစ်ဖြစ်... ပရောဂျက်မရှိတော့တာမျိုးဘဲဖြစ်ဖြစ်
အကြောင်းအမျိုးမျိုးကြောင့်.. အလုပ်မရှိ/အလုပ်နည်းသွားတဲ့ အိုင်တီသမားတွေအတွက် အသုံးဝင်မယ့် website တစ်ခုက https://www.upwork.com/ ပါ။
အဲ့ဒီ site ကို ၂၀၁၄/၂၀၁၅ လောက်ကတည်းက စသုံးခဲ့ဖူးတယ်...
ရုံးမှာ short-term project လေးတွေဖြစ်ဖြစ်.. ရေရှည်တွဲလုပ်မယ့် developer ရှာချင်တာဖြစ်ဖြစ်... တော်တော် အဆင်ပြေလို့ပါ...

freelance သဘာဝဖြစ်လို့... အခုမှ ကျောင်းဆင်းကာစသူမျိုးတွေတော့ သိပ်အဆင်မပြေပါဘူး...
experience 2-3 yearsလောက်သမားတွေကစပြီး တကယ့် ဆရာကြီး ဆရာမကြီးတွေကတော့ အဆင်ပြေပါတယ်...
ကုမ္ပဏီတွေကနေ ပရောဂျက်တွေ တင်တာနဲ့... ကိုယ်က proposal လှမ်းပို့ပေးလိုက်... ဟိုဘက်က စိတ်ဝင်စားရင် သေချာ discuss လုပ်ကြပြီး အလုပ်ဖြစ်ကြတာပါပဲ..
hourly or fixed price ဆိုပြီး အမျိုးမျိုးရှိပါတယ်...
ကိုယ်က upwork ကနေ ပရောဂျက်လေး ၃ခုလောက် လုပ်ထားပြီးပြီ review လေးတွေလည်း ကောင်းကောင်းရရင် ဘာပဲပြောပြော အလုပ်ရှင်တွေဘက်က အလုပ်ပေးဖို့ စိတ်ဝင်စားကြပါတယ်...

ဒီမှာက တစ်ဦးချင်းကော ကုမ္ပဏီတွေကော ရှိလို့... ရန်ကုန်မှာ company ထောင်ထားပြီး အလုပ်နည်းနေတဲ့ software house လေးတွေလည်း အဆင်ပြေမယ် ထင်ပါတယ်...
ကိုယ်က upwork ကနေ ငှားပဲ ငှားဖူးတာဆိုတော့ developer/company အနေနဲ့ သူတို့နဲ့ တွဲလုပ်ရင် ဘယ်လိုအဆင်မပြေတာတွေရှိလဲဆိုတာကတော့ မသိပါဘူး...

ကိုယ့်အလုပ်ကနေ ရတဲ့ ပိုက်ဆံကို သူတို့ကို % တော့ပေးရပါတယ်.. (500$ အောက်ကို ၂၀%.. 500$ - 10,000$ ကို ၁၀%.. >$10,000 ကို ၅%)

ဟိုတစ်လောက developer တစ်ယောက်ရှာတုန်းက ၃နှစ်လောက် experience ရှိပြီး တော်တော်လေး တော်လို့ remote work အတွက် USD ၃,၀၀၀ ပေးတာကို  သူက upwork မှာ လုပ်နေတာ တစ်လတစ်လ ၄,၅၀၀ လောက်ရလို့ မလုပ်နိုင်ဘူးဆိုပြီး ငြင်းပါတယ်.. (vietnam developer ပါ)
ပြောချင်တာက ကိုယ်ကသာတကယ်အရည်ချင်းရှိရင် အိုင်တီသမားက ပိုက်ဆံရှာလို့လွယ်တယ်ရယ်မဟုတ်ပေမယ့်... သူများတွေထက်တော့ အဆင်ပြေနေတုန်းပါပဲ...

အ‌ရေးကြီးတာက english skillပါ... tech skillလန်ပျန်ထွက်နေအောင်တော်ပြီး အင်္ဂလိပ်စာက ဇော်မဲလုံးသာသာ လောက်ပဲရှိရင်လည်း အဆင်မပြေပါဘူး...
အခုချိန်မှာ အင်္ဂလိပ်စာကို ကြိုးစားကြပါ... ပိုအားစိုက်ကြပါ...
ကိုယ်လည်း စစချင်း ဂျပန်ကုမ္ပဏီကနေ စခဲ့တာမို့... တော်တော်များများက ကျောာင်းပြီးတာနဲ့ ဂျပန်စာသင်မယ် ဂျပန်ကုမ္ပဏီမှာလုပ်မယ်ဆိုတဲ့ အတွေးကိုနားလည်ပါတယ်....
ဒါပေမယ့်.. ဂျပန်စာကို မိုးပျံအောင်တော်နေပြီး အင်္ဂလိပ်စာမရရင် ကိုယ့်ရဲ့ အလုပ်စျေးကွက်က ဂျပန်ပဲရှိပါမယ်...
ကိုယ်တစ်ခုခုပြောင်းချင်ရင် ဂျပန်ကခေါ်မှ ဂျပန်ပရောဂျက်အဆင်ပြေမှ ဆိုတာမျိုးတွေ ရှိလာပါမယ်...

အင်္ဂလိပ်စာ/စကားကို သေချာလုပ်ပါ... ကိုယ်လည်းအရည်ချင်းကောင်းရင် နောက်ပိုင်း လူငယ်တွေများတဲ့ ကုမ္ပဏီတွေမှာ ဂျပန်စာမရလည်း အင်္ဂလိပ်စာရရင် အဆင်ပြေပါတယ်...

ဂျပန်မှမဟုတ်ဘူး ဘယ်နိုင်ငံသွားသွား အင်္ဂလိပ်စကားနဲ့က အဆင်ပြေပါတယ်...
အင်္ဂလိပ်စာ/စကားကို လေ့ကျင့်ကြပါ...
တောက်ပျင်းမကြီးကြပါနဲ့... :D :D

(Edit: payment process ကတော့ ခက်မယ်ဆိုတာ လာမေးကြတဲ့သူတွေများမှ သတိထားမိတယ်...
အနည်းဆုံးတော့ paypal ရှိမှပဲ အဆင်ပြေမှာပါ...)

Comments